spot_imgspot_imgspot_imgspot_img
Thursday, January 30, 2025
spot_imgspot_imgspot_imgspot_img

IEC မှာ CDM ဝန်ထမ်း ပါဝင်မှု သုံးဆယ်ရာခိုင်နှုန်းသာရှိပြီး ထပ်မံပါဝင်နိုင်ရေး အမြဲတမ်း လမ်းဖွင့်ထားဟု ဆို

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC )မှာ ဝန်ထမ်းပေါင်း ၁၀၉၁ ဦးရှိသည့်အနက် CDM ဝန်ထမ်းပါဝင်မှု သုံးဆယ်ရာခိုင်နှုန်းသာရှိပြီး ပိုမိုပါဝင်နိုင်ဖို့ အမြဲလမ်းဖွင့်ပေးထားတယ်လို့ IEC ရဲ့ အထွေထွေ အတွင်းရေးမှူး ခူးပလုရယ်က ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။

“CDM တွေကို အုပ်ချုပ်ရေးလုပ်ငန်းတွေနဲ့ သက်ဆိုင်ရာ ကဏ္ဍ အသီးသီးတွေမှာရှိတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့က အမြဲတမ်းလမ်းဖွင့်ထားတယ်။ ဆုံးဖြတ်ချက်လည်းရှိပြီးသားဖြစ်တယ်ပေါ့နော။ တစ်ဖက်မှာက CDM ဝန်ထမ်းအားလုံးကို ပြန်ခေါ်နိုင်ဖို့က ငွေကြေး ဘဏ္ဍာအခက်ခဲတွေရယ် တစ်ဖက်မှာ CDM တွေ ကိုယ်တိုင်ကိုက ဝန်ထမ်းဖက်မှာ လုပ်ဖို့ အခက်အခဲ ရှိတယ်ပေါ့နော။” လို့ ခူးပလုရယ်က ပြောပါတယ်။

IEC ကို ၂၀၂၃ ခုနှစ် ဇွန်လအတွင်း စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ဌာနခွဲ ၉ ခုဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီ ဌာနတွေမှာ ဝန်ထမ်း ၃၁၆ ဦးကတော့ CDM ဝန်ထမ်းတွေဖြစ်ပေမဲ့ ရှိဆဲဝန်ထမ်းစာရင်းနဲ့ အချိုးကျတဲ့ခါ CDM ပါဝင်မှုက နည်းနေတယ်လို့ IEC အထွေထွေအတွင်းရေးမှူး ခူပလုရယ်က ပြောပါတယ်။

IEC က ဌာနတစ်ခုကို ဖွဲ့စည်းရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၊ CDM ၊ အရပ်ဖက်အဖွဲ့အစည်းနဲ့ တတ်သိပညာရှင်၊ ဒေသန္တာရ မျိုးနွယ်စု၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ စတဲ့ စဥ်းစားချက် ၅ ရပ်နဲ့ ခေါ်ယူ ဖွဲ့စည်းတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေး ဌာနမှာ ရာခိုင်နှုန်းအရ CDM ပါဝင်မှုအများဆုံးရှိနေပြီး ပြည်ထဲရေးဌာနမှာ CDM ပါဝင်မှု အများဆုံးဖြစ်တယ်လို့ IEC ကပြောပါတယ်။

CDM ဝန်ထမ်းတွေက ယခင် မိမိ ပိုင်နိုင်ပြီးသားလုပ်ငန်းကို လက်ရှိကြားကာလအစီအမံမှာ ပြန်လည်လုပ်ကိုင်ခြင်းအားဖြင့် ပြည်နယ်တိုးတက်မှု အခန်းကဏ္ဍအတွက် အကျိုးပိုရှိစေလိမ့်မယ်လို့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း CDM ကော်မတီ၊ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဂျွန် ကပြောပါတယ်။

“ထွေအုပ်ရှိမယ်။ တရားရေးရှိမယ်။ ဥပဒေရုံးရှိမယ်။ ပညာရေး၊ ကျန်းမာရေးအစုံအစုံသော‌ကဏ္ဍမှာ ယခင်မိမိလုပ်ခဲ့တဲ့ ဌာနအတိုင်းကိုပဲ ပြန်ဝင်မယ်ဆိုလို့ရှိရင်တော့ သူသည် အဲဌာနတစ်ခုလုံးရဲ့ လည်ပတ်စီးဆင်းနိုင်တဲ့ လုပ်ငန်းဆိုင်ရာမှာ ပြောစရာမလိုလောက်အောင် အစွမ်းအစရှိပြီးသားပေါ့” လို့ ဂျွန် က ပြောပါတယ်။

လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့တဲ့ ပညာရေး CDM ဝန်ထမ်းဖြစ်တဲ့ မောင်ဖက်ကြမ်းက တော်လှန်ရေးကို အမြန်ပြီးစေလိုတာကြောင့် သူ ကျွမ်းကျင်ခဲ့တဲ့ ပညာရေးလမ်းကြောင်းကို ပြန်လည်ရွေးချယ်တော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“နစ်နာခံလိုက်တဲ့သဘောပေါ့။ ကိုယ့်အတွက်ကိုယ် မကြည့်အားတော့ဘူးလေး။ ကိုယ့်အတွက်ကို ကြည့်မယ်ဆိုရင်တော့ ကိုယ်ဝါသနာပါတာတွေ၊ ဝင်ငွေရမဲ့ဟာတွေ၊ ဝန်ထမ်းအလုပ်တွေလည်း လုပ်မှာပေါ့” လို့ မောင်ဖက်ကြမ်းက ပြောပါတယ်။

ဘဏ္ဍာရေးအခက်အခဲကြောင့် ဌာနအလိုက် CDM ဝန်ထမ်းတွေအားလုံးကို အလုပ်ခန့်ဖို့ အခက်အခဲရှိနေပေမယ့် လာမယ့် အသွင်းကူးပြောင်းရေးကာလမှာ CDM ပါဝင်မှု ပိုမိုများပြားလာနိုင်တယ်လို့ IEC က‌ ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts