spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့တွင်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ မိုင်းလုံး ၊ ရွာတန်းရှည်၊ ပန်ကန်းရပ်ကွက် တစ်လျှောက်က တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF )သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“ လွိုင်ကော်မြို့ မိုင်းလုံး၊ ရွာတန်းရှည် ၊ ပန်ကန်းတစ်လျှောက်မှာကတော့ တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်နေတယ်ပေါ့နော။ လေယာဉ်တွေလည်း စစ်ကောင်စီဖက်က အသုံးပြု တိုက်ခိုက်တာလည်းရှိတယ်။ တိုက်ပွဲကတော့ နေ့တိုင်းပြင်းထန်တာရှိတယ်။ တခါတလေကျရင်တော့ အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲငယ်လေးတွေရှိတယ်ပေါ့။” လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်ကစပြီး စစ်ကောင်စီတပ်ဟာ မိုင်းလုံးရပ်ကွက်တစ်လျှောက်မှာ အင်အားဖြည့်တင်းဝင်ရောက်လာပြီးနောက် မိုင်းလုံး ၊ ရွာတန်းရှည် ၊ ထူဒူငံသ ၊ လွိုင်ကော်နည်းပညာတက္ကသိုလ်၊ မြကလပ်တောင် ၊ ပန်ကန်းရပ်ကွက်တွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတာပါ။

လွိုင်ကော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာကြောင့် စစ်ကောင်စီဝါဒဖြန့်တဲ့အတိုင်း ပုံမှန်လည်ပတ်နေခြင်း မဟုတ်ဘူးလို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဆက်ပြောပါတယ်။

“ပြည်သူတွေကို ပြောချင်တာကတော့ လွိုင်ကော်မြို့မှာ စစ်ကောင်စီဝါဒဖြန့်သလိုမျိုး ပုံမှန်အတိုင်းပြန်လည်ပတ်နေတယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ လွိုင်ကော်မြို့က စစ်မြေပြင်ဖြစ်နေတယ်။ လုံခြုံရေးအရ ဂရုစိုက်ကြဖို့ပဲ ပြောချင်ပါတယ်။” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်ကတော့ ဒရုန်းအသုံးပြုမှု များပြားနေသလို တိုက်ပွဲပြင်းထန်တဲ့နေ့တွေမှာတော့ လေကြောင်းအသုံးပြုတိုက်ခိုက်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ တိုက်ပွဲအတွင်းအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေ့တွေမှာလည်း အကြောင်းအရင်းမရှိ ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် တစ်လအတွင်း နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ KNDF က ဇူလိုင်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img
spot_img

Recent posts