spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်က နေအိမ်ပြန်ကြည့်တဲ့ ဒေသခံတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်

Author

Date

Category

CJ / ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ ယမန်နေ့ မတ်လ ၄ ရက်နေ့ မနက်ပိုင်းမှာ နေအိမ်ပြန်လာကြည့်တဲ့ ဒေသခံတွေကို စစ်ကောင်စီအခြေစိုက် ခမရ (၅၃၁)တပ်ကနေ လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ထော်လာဂျီ (၃) စီးလောက်နဲ့ ပြန်တာ၊ ခဏနေတော့ ဒရုန်းလာတော့ လက်နက်ကြီး ပစ်လာလို့ စိုးရိမ်ပူပန်ရတယ်”လို့ နေအိမ်ပြန်ကြည့်တဲ့ ဖရူဆိုဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ၃လုံးထက်မနည်း ကျေးရွာအတွင်းပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိပေမဲ့ ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီကျေးရွာမှာ အိမ်ခြေ ၈၄ အိမ်ရှိပြီး လူဦးရေ ၄၀၀ ကျော်ရှိကာ စစ်ဘေးရှောင်နေရတာ ၂နှစ်ကျော်ရှိနေပြီလို့ သိရပါတယ်။

နွေရာသီရောက်ရှိလာပြီဖြစ်တာကြောင့် တောမီးအန္တရာယ်မှကာကွယ်နိုင်ဖို့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေဟာ မိမိနေအိမ်ကို သန့်ရှင်းရေးပြန်လုပ်ကြတာ ဖြစ်ပါတယ်။

လက်နက်ကြီးပစ်ခတ်မှုအပြင် စစ်ကောင်စီတပ်စွဲခဲ့တဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေကို နေရပ်မပြန်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

spot_img
spot_img
spot_img

Recent posts