spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

ကေးဖိုးဒူကျောင်းမှ အမှတ်စဥ် (၄) သင်တန်းအတွက် ကျောင်းသားသစ် စတင်ခေါ်ယူ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ လူ့အရင်းအမြစ်မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ ဖရူဆိုမြို့နယ်အတွင်းက ကေးဖိုးဒူကျောင်းဟာ လက်ရှိမှာ အမှတ်စဥ်(၄) သင်တန်းဖွင့်လှစ်သွားဖို့အတွက် ကျောင်းသားသစ်တွေ စတင်ခေါ် ယူနေပြီလို့ ကျောင်းဒါရိုက်တာတစ်ဦးက ပြောပါတယ်။

လူငယ်လူရွယ်တွေ လျှောက်ထားနိုင်ပြီး ကျောင်းသားဦးရေ ( ၃၀ ) ကိုခေါ်ယူသွားမှာဖြစ်ပါတယ်။ ကျောင်းလျှောက်လွှာကို အောက်တိုဘာလ ၈ ရက်နေ့မှာ စတင်ဖြန့်ဝေတာဖြစ်ပြီး အောက်တိုဘာလ ၂၅ ရက်နေ့မှာတော့ ဖောင်ပိတ်မှာဖြစ်ပါတယ်။ အမှတ်စဉ် ( ၄ ) သင်တန်းအတွက် အမျိုးသား၊ အမျိုးသမီး ဦးရေ မျှမျှတတခေါ်ယူသွားမယ်လို့ ကျောင်းဒါရိုက်တာတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အခု အမှတ်စဥ် (၄) ကတော့ လူငယ်၊ လူရွယ် (၃၀) လက်ခံပြီးသင်ကြားပေးသွားမယ်။ ကျား/မလည်း မျှမျှတတ ခေါ်ယူသွားဖို့ရှိမှာပေ့ါနော်။ ဖောင်ကတော့ အောက်တိုဘာလ ၈ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တယ်။ အောက်တိုဘာ ၂၅ ရက်နေ့မှာ ဖောင်ပိတ်သွားမှာဖြစ်တယ်။ ၀င်ခွင့် စာမေးပွဲ နဲ့အတူ အင်တာဗျူးတွေလည်း ရှိမှာပေါ့နော်။ အွန်လိုင်း/မြေပြင် ဖောင်ရယူပြီး လျှောက်ထားနိုင်ကြောင်းလည်း အသိပေးချင်ပါတယ်။” လို့ ‌ကျောင်းဒါရိုက်တာတစ်ဦးက ဆိုပါတယ်။

စာသင်ကာလ ၁၀ လ ကြာမြင့်မှာဖြစ်ပြီး ဘာသာရပ်အနေနဲ့ အင်္ဂလိပ်စာ၊ ကရင်နီစာ၊ နိုင်ငံရေး နဲ့ စိုက်ပျိုးရေး ဘာသာရပ်အပါအဝင် ဘာသာရပ် ၇ ခု ကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ကျောင်းဖွင့်လှစ်တဲ့ကာလအတွင်း ကျောင်းသားတွေရဲ့ နေထိုင်စားသောက်စရိတ် နဲ့ လမ်းပန်းဆက်သွယ်ရေးက အဓိက အခက်အခဲဖြစ်တယ်လို့ ‌ကျောင်းဒါရိုက်တာတစ်ဦးက အခုလိုဆက်ပြောပါတယ်။

“အခက်အခဲတွေလည်း အများကြီးရှိတာပေါ့နော်။ အဓိက အခက်အခဲကတော့ နေထိုင်စားသောက်စရိတ် နဲ့ လမ်းပန်းဆက်သွယ်ရေးပါ။ လက်ရှိကရင်နီပြည်မှာလည်း အခုချိန်က ဘယ်နေရာမှာမှ လုံခြုံတာ မရှိတော့ လုံခြုံရေးနဲ့ပတ်သက်တဲ့ အခက်အခဲတွေတော့သိကြမှာပါ။ ပြောစရာတောင်မလိုလောက်ပါဘူး”လို့ သူက ဆိုပါတယ်။

ကေးဖိုးဒူကျောင်းဟာ လူငယ်တွေအတွက် ပညာရေးလမ်းကြောင်းကို ၂၀၂၂ ခုနှစ်ကတည်းက စတင်ဖော်ဆောင်လာခဲ့ပြီး အမှတ်စဥ်(၃) သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ မေလမှာ ပြုလုပ်ခဲ့ပါတယ်။

ကေးဖိုးဒူကျောင်းကနေ ပြီးမြောက်အောင်မြင်သွားတဲ့ အမှတ်စဥ် (၃) အထိ ကျောင်းသူ၊ကျောင်းသားပေါင်း ( ၁၁၁ ) ဦး ရှိသွားပြီဖြစ်ပါတယ်။ ကျောင်းပြီးသွားသူတွေဟာ ဒေသအကျိုးပြုလုပ်ငန်းတွေမှာ ပြန်လည်လုပ်ဆောင်ကြသူ အများဆုံးရှိပြီး ပညာရေးဆက်လက်သင်ကြားသူတွေ နဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ ပြန်လည်ဆောင်ရွက်ကြသူတွေလည်း ရှိပါတယ်။

လျှောက်လွှာရယူရန်လင့်ခ် – https://drive.google.com/…/15D0DcK9GKNBPqM1hxBi…/view…
google form – https://docs.google.com/…/1FAIpQLSeCJWrQYL3…/viewform…

spot_img
spot_img

Recent posts