spot_imgspot_imgspot_imgspot_img
Wednesday, March 12, 2025
spot_imgspot_imgspot_imgspot_img

KA ရဲ့ တပ်စခန်းတစ်ခုကို ဝင်ရောက်သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ် ပြန်ဆုတ်ခွာရ

ကန္တာရဝတီတိုင်း( မ် )

ယမန်နေ့ (မတ်လ ၁၁ရက်)မှာ ကရင်နီတပ်မတော် ( KA ) ရဲ့ ရင်း ( ၃ ) တပ်စခန်းတစ်ခုကို သိမ်းပိုက်ဖို့ကြိုးပမ်း လာတဲ့ စစ်ကောင်စီနဲ့ KA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက် ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

“ မနေ့က ဖြစ်တယ်လေ သူတို့လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်။ သူတို့ ည လေးနာရီမှာ သူတို့တက်လာတယ်။ တက်လာတော့ သူတို့က ပြန်ခါချတယ်ပေါ့။ ကျနော်တို့ စခန်းထဲက ပြန်ချတော့ ည၆နာရီအထိ တိုက်ပွဲဖြစ်တယ်။ အဲ့ဒါ သူတို့က ပြန်ဆုတ်သွားတယ်။ ” လို့ ခူညေးရယ်က ပြောပါတယ်။

စစ်ကောင်စီ ဝင်တိုက်ဖို့ကြိုးစားခဲ့တဲ့ အဲဒီတပ်စခန်းဟာ ထိုင်း-ကရင်နီနယ်စပ် အမှတ် ( ၈ ) နဲ့ ( ၉ ) ကြားမှာ ရှိပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ ပထမဆုံး တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း KA ဘက်က အထိအခိုက်အကျအဆုံးမရှိပေမယ့် စစ်ကောင်စီဘက်က အကျအဆုံးများနိုင်ပြီး ပြန်လည်ဆုတ်ခွာတာဖြစ်တယ်လို့ ဝန်ကြီးခူညေးရယ်က ပြောပါတယ်။ သူတို့ရဲ့ ခဲယမ်းတချို့နဲ့ တပ်သားအဆင့်ရုပ်အလောင်းနှစ်လောင်းကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

“၂လောင်းတွေ့တယ်။ ကျောပိုးအိတ်တွေတော့ တွေ့သေးတယ်။ ဒါပေမယ့် ပြန်ဆွဲချတဲ့ အရာတွေတော့ တွေ့တယ်လေ။ အဲ့ဒါ အရာရှိတွေ အကျတွေပါနိုင်တာပေါ့ အများအပြား ဒဏ်ရာရနိုင်တာပေါ့။”လို့ ခူညေးရယ်က ပြောပါတယ်။

ယမန်နေ့မတ်လ ၁၁ ရက်နေ့ နေ့လည်က စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ထုလာပြီး ညနေ ၄ နာရီဝန်းကျင်မှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားပြီး ည၆ နာရီမှာတော့ စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ခူညေးရယ်က ဆက်ပြောပါတယ်။

လက်ရှိကရင်နီပြည်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ စစ်ကြောင်းအများအပြားနဲ့ ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပါတယ်။

အဲဒီKA ရဲ့စခန်းကို စစ်ကောင်စီရဲ့ ခမရ ၃၃၇ တပ်၊ ခမရ ၃၃၄ တပ်နဲ့ ခမရ ၅၁၉ တပ်တို့ကနေ ပူးပေါင်းပြီး တိုက်ခိုက်ဖို့ကြိုးစားခဲ့တာလို့ သိရပါတယ်။

spot_img
spot_img