အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယား)
(တနင်္ဂနွေနေ့ ည ၇ နာရီတိုင်း)
ယခု တစ်ပတ်မှာတော့ ကယားပြည်နယ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တဲ့ အကြောင်း၊ ကယားပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ကျန်းမာရေးဌာနက ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးဂိတ်တွေထားရှိပြီး အစိုးရနဲ့လည်း ကျန်းမာရေးကိစ္စတွေမှာ ပူးပေါင်းလုပ်ဆောင်ဖို့ဆွေးနွေးနေတာရှိတယ်ဆိုတဲ့အကြောင်းနှင့် “အတိတ်ကဝေဒနာတွေကိုမေ့ပြီး အေးအေးဆေးဆေးနေခွင့်ရဖို့ မျှော်နေသူ” ဆိုတဲ့ ဆောင်းပါးလေးအပြင် အပတ်စဉ် သီချင်းလက်ဆောင် အစီအစဉ်မှာ ကယားသီချင်းကောင်းလေး တစ်ပုဒ်ကိုလည်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။