KT-FM ကရင်နီဘာသာ အစီအစဉ် မေလ ( ၂၂ ) ရက်၊ ၂၀၂၃ ခုနှစ် ( တနင်္လာနေ့ )
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ (၆)ရက်ဆက်တိုက် စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်နေ
– ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း တိုက်ပွဲအတွင်း KNDF ရဲဘော်လေးဦးကျဆုံး
– လေကြောင်းတိုက်ခိုက်မှုကြောင့် (၁)ပတ်အတွင်း စာသင်ကျောင်း (၂)ကျောင်း အပါအဝင် လူနေအိမ် (၁၀) လုံးကျော် ပျက်စီး
– ကယန်းလက်ဝှေ့မယ်ဘရော်နီကာက ထိုင်း မွေထိုင်းလက်ဝှေ့မယ်ကို ပထမအချီမှာ အလှဲထိုး အနိုင်ရ
ဆိုတဲ့သတင်းတွေနဲ့အတူ၊ ကယောဘာသာ အစီအစဉ်၊ ကရင်နီ သီချင်းကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မြန်မာ စံတော်ချိန် ညနေ ၇း၀၀ မှ ၈းဝဝ ထိုင်းစံတော်ချိန် ညနေ ၇း၃၀ မှ ၈း၃၀ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်နှင့် ကရင်နီပြည်အတွင်းနေရာအချို့မှာတော့ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် FM ရေဒီယိုလိုင်း 100 mhz တွင် ဖမ်းယူနားဆင်နိုင်ပါတယ်။