ဒီကနေ့ မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက …..
– လွိုင်ကော်မြို့မှာ အုပ်စုဖွဲ့ ခိုးယူသူများလာတယ်လို့ ဒေသခံတွေပြော၊ တိုင်ကြားမည့်နေရာမရှိ
– မြေပဲစျေး မမှန်တာကြောင့် ဆန်နဲ့ လဲလှယ်စားသုံးရတဲ့ တောင်သူတချို့ အခက်တွေ့
– စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်မှု များလာ၊ အကူအညီလိုအပ်
–လွိုင်ကော်အရှေ့ခြမ်းမှာ တောမီးကူးစက်မှုကြောင့် နေအိမ် ၂၉ လုံး မီးလောင်ပြာကျ၊ စပါးကျီနဲ့ စပါး ပျက်စီးဆုံးရှုံးမှုရှိ
စတဲ့သတင်းတွေ၊ ဒေသတွင်းသတင်းနဲ့ ….
– “မှောင်ခိုပညာရေးလား (သို့) အမှောင်ရိပ်ထဲက ကြယ်စင်တွေ ထွန်းတောက်နိုင်မှာလား…” ဆိုတဲ့ ဆောင်းပါးကို ကြားကြရပါမယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz မှာ ဖမ်းယူနားဆင်နိုင်ပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။