ဒီကနေ့ ထုတ်လွှင့်မယ့် KT-FM မြန်မာဘာသာရေဒီယို အစီအစဉ်
သတင်းတွေထဲက …..
– ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်ပျက်စီး
– ရေနီပေါက်နဲ့ မိုင်းထမ်းကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တွေ ပျက်စီးမှုရှိခဲ့
– ဘောလခဲမြို့က သစ်လုပ်ငန်းနေရာမှာ လေကြောင်းနဲ့ပစ်ခတ်ခံရတဲ့အတွက် အရပ်သား ၅ ဦးဒဏ်ရာရပြီး ၃ ဦးသေဆုံး
– ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲ
– ဒီးမော့ဆို နောက်ဘက်ခြမ်း လက်နက်ကြီးထိမှန်မှုကြောင့် ၂ဦးထိမှန်ပြီး လူနေအိမ်လည်းပျက်စီး
စတဲ့ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေ၊ ဒေသတွင်းသတင်းတွေနဲ့
သတင်းပေးပို့ချက်ထဲက “စစ်ပွဲကြားက ဆာလောင်မှုနဲ့ ငိုကြွေးသံများ“ ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာဖြစ်ပါတယ်။ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ အချိန်မှာ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်