KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက် (ကြာသပတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– နေအိမ်မီးငြိမ်းဖို့ကြိုးစားတဲ့ ပြည်သူကို စစ်ကောင်စီသေနတ်နဲ့ပစ်ခတ်ပြီး ခြောက်လှန့်
– ပွန်ချောင်း အမှတ် (၄) စစ်ဘေးရှောင်စခန်းမှာ ကျောင်းနေအရွယ်ကလေးတွေ အရေပြားအနာ ထက်ဝက်ကျော်ဖြစ်ပွားနေ ၊ ဆေးဝါး အကူအညီ လိုအပ်
– ကရင်နီလူ့အခွင့်အရေး ဆရာဖြစ်သင်တန်းကို ပထမဆုံးအကြိမ် အခမဲ့ ဖွင့်လှစ်ဖို့ သင်တန်းသားခေါ်ယူ
– ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ရိုးရာ အဲ့ဒိုပေါ်မီ ( ခေါ် ) ဒီးကူပွဲ အကျဉ်းချုပ်ပြုလုပ်
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့…
“စစ်ပွဲအောင်နိုင်သူ မိခင်နှင့် မီးလျှံကြားက မွေဖွားလာသူ”ဆိုတဲ့ဆောင်းပါးကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်း သီချင်းတွေနဲ့ voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။