KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက် (စနေနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဆောင်ဒူနဲ့ လိုဘာခို ရွာအနီးမှာ မြေပြိုမှုကြောင့် လယ် ၅ ဧက ပျက်စီး၊ ၃ ဦးဒဏ်ရာရ
– မိုးဗြဲရေကာတာ၊ ရေတံခါးဖောက်ချမှုကြောင့် လယ်တွေ ထပ်မံ ရေလွှမ်း
– စစ်ရှောင်ပြည်သူအချင်းချင်းကြားရောင်းဝယ်တဲ့ ဆန်၊ စပါးစျေးနှုန်းကို IEC နဲ့ အရပ်ဖက်အဖွဲ့တွေ ပူးပေါင်းပြီး ထိန်းချုပ်သတ်မှတ်ပေးထား
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
-“ လူထုစာလွှာ” အစီအစဉ်ကနေပြီး ပြည်သူတွေ ပေးပို့လာတဲ့စာလွှာတွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “ ကရင်နီနယ်ထဲက အိုအေစစ်ကလေး “ ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်း သီချင်းတွေနဲ့ voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။