spot_imgspot_imgspot_imgspot_img
Friday, December 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက် (သောကြာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက် (သောကြာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ကရင်နီမှာ ခွဲစိတ်၊ ကုသနိုင်တဲ့ ဆေးရုံ ဆယ်ခုအထိ ဖွင့်လှစ်ထားရှိနေပေမယ့် လုံလောက်တဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆေးဝါးပစ္စည်းကိရိယာတွေ လိုအပ်နေဆဲဖြစ်တာကြောင့် အိမ်နီးချင်းနိုင်ငံကို မှီခိုနေရဆဲ
– ပိတ်ဆို့တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်း တပ်သား ၁၆ ဦးထက်မနည်းသေဆုံး၊ သုံ့ပန်း ၅ ဦးနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရမိ
– ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ၁ လသား ကလေးငယ်အပါအဝင် ၆ ဦးသေဆုံး၊ ၃ ဦးထိခိုက်ဒဏ်ရာ
စတဲ့သတင်းတွေအပါအဝင်
– ” လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ်ထဲက စစ်ဘေးရှောင်တွေ ထပ်မံတိမ်းရှောင်ရ” ဆိုတဲ့သတင်းပေးပို့ချက်ကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “လူထုစာလွှာ” အစီအစဉ်ကနေပြီး ပြည်သူတွေပေးပို့လာတဲ့ စာလွှာတွေ၊ တပတ်တွင်း ကုန်ဈေးနှုန်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကိုလည်း ကြားကြရဖို့ ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img