KT-FM ကရင်နီဘာသာ အစီအစဉ် ဇန်နဝါရီလ ( ၁၆) ရက်၊ ၂၀၂၅ ခုနှစ် (ကြာသပတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ပြည်နယ်နေ့ အခမ်းအနား တက်ရောက်ဖို့ လွိုင်ကော်ကိုရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင်ကို BWM အဖွဲ့ ဦးဆောင်ပြီး ရှော့တိုက်ဒုံး ပစ်ခတ်ခဲ့
– ဒီးမော့ဆို စစ်ရှောင်စခန်း တစ်နေရာကို စစ်ကောင်စီ ဗုံးကြဲ ၊ အရပ်သား ၃ ဦးသေဆုံး
– မိုးဗြဲမြို့မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်
– ကရင်နီပြည်က နေရာနှစ်ခုကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ ဆိုတဲ့သတင်းနဲ့ “မိသားစုကို ကုန်ထမ်းရင်း ဝမ်းစာရှာကျွေးနေတဲ့ “ မောင်ပူတူး” ဆိုတဲ့ဆောင်းပါးနဲ့အတူ ယင်းတလဲဘာသာ နှင့် ပကူးဘာသာ အစီအစဥ်နဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။