KT-FM ကရင်နီဘာသာ အစီအစဉ် ဇူလိုင်လ ( ၂၅ ) ရက်၊ ၂၀၂၄ ခုနှစ် (ကြာသပတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– လူသေအလောင်း တွေ့တယ်လို့ ကောလဟာလထွက်နေတဲ့ အမှိုက်ပုံကို KNDF နဲ့ KSP တို့ရှင်းလင်း
– ဖရူဆို – ဘောလခဲနယ်စပ်က ကလိလျား နဲ့ ဝေကျခေါ စစ်ရှောင်စခန်းမှာ အရေပြား နဲ့ ရာသီတုပ်ကွေး အဖြစ်များနေ ၊ ကလေးငယ်တွေ အာဟာရချို့တဲ့မှုလည်း ရှိနေ
– ဖရူဆိုမြို့ ၊ ဝယ်ဒူလျား စစ်ရှောင်စာသင်ကျောင်းမှာ ကျောင်းသုံးပစ္စည်းကိရိယာတွေအတွက် အကူအညီတောင်းခံ ဆိုတဲ့သတင်းတွေနဲ “လုံခြုံရေးစိန်ခေါ်မှုတွေကြားက ပညာတတ်ဖို့ ထိုးဖောက်ကြသူတွေ…”ဆိုတဲ့ဆောင်းပါးနဲအတူ ပကူးဘာသာ နှင့် ယင်းတလဲဘာသာအစီစဉ်၊ ကရင်နီ သီချင်းကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။