KT-FM ကရင်နီဘာသာ အစီအစဉ် ဒီဇင်ဘာလ ( ၂၁) ရက်၊ ၂၀၂၄ ခုနှစ် (စနေနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဓာတုလက်နက်အသုံးပြုမှုက လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတစ်ခုဖြစ်တယ်လို့ NUG ပြော
– မြေပြိုမှုကြောင့် ပျက်စီးသွားတဲ့ ကိုကွေကျေးရွာက နေအိမ်တွေကို ပြောင်းရွေ့ဖို့ အကူအညီလိုအပ်နေဆဲ
– SSLRU တပ်ပေါင်းစုကနေ တပ်အသွင်နဲ့ ဆက်လက်ရပ်တည်သွားမယ်လို့ဆို ဆိုတဲ့သတင်းနဲ့ အမှိုက် (သို့မဟုတ်) စွန့်ပစ်ပစ္စည်းတွေကို ဘယ်လိုစနစ်တကျ စွန့်ပစ်ရမလဲ ဆိုတဲ့ကျန်းမာရေးဆောင်းပါးနဲ့အတူ ပကူးဘာသာ နှင့် ယင်းတလဲဘာသာ အစီအစဥ်နဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။