Friday, January 10, 2025
spot_imgspot_imgspot_imgspot_img

KT-FM ကရင်နီဘာသာ အစီအစဉ် နိုဝင်ဘာလ ( ၁၉ ) ရက်၊ ၂၀၂၃ ခုနှစ် ( တနင်္ဂနွေနေ့ )

KT-FM ကရင်နီဘာသာ အစီအစဉ် နိုဝင်ဘာလ ( ၁၉ ) ရက်၊ ၂၀၂၃ ခုနှစ် ( တနင်္ဂနွေနေ့ )
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– စစ်ဆင်ရေးဆောင်ရွက်နေစဥ်အတွင်း ခေတ္တတိမ်းရှောင်ပေးကြဖို့ တော်လှန်ရေးခေါင်းဆောင်တွေ ထပ်မံတောင်းဆို
– တစ်ရက်အတွင်း လွိုင်ကော်မှာ ကလေး၂ဦး အပါအဝင် အရပ်သားပြည်သူ၅ဦးသေဆုံးကာ အမည်မသိ အမျိုးသားရုပ်အလောင်း တစ်လောင်းတွေ့ရှိ
– စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေါနိုးကူးစစ်ရှောင်တွေ ထိုင်းနိုင်ငံအတွင်းကို တတိယအကြိမ် ပြန်ပြေးလာ
– ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁) စခန်းမှာ ရာသီပြောင်းလဲမှုကြောင့် ဖျားနာသူ ၆၀၀ ကျော်ရှိနေ
– ရှမ်းတောင်ကို တိမ်းရှောင်လာတဲ့ ကရင်နီစစ်ရှောင်တွေကို လက်ခံပေးဖို့ တောင်းဆို

ဆိုတဲ့သတင်းတွေနဲ ” အညတရ သူရဲကောင်း အမျိုးသမီးရဲဘော် မော်ကူးမို (သို့မဟုတ်) အမေ့ခံ တော်လှန်ရေးရဲမေ” ဆိုတဲ့ဆောင်းပါးနဲ့အတူ၊ ကယန်းဘာသာ အစီအစဉ်၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။

KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။ 

spot_img
spot_img