KT-FM ကရင်နီဘာသာ အစီအစဉ် နိုဝင်ဘာလ ( ၁၀) ရက်၊ ၂၀၂၄ ခုနှစ် (တနင်္ဂနွေနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဖယ်ခုံမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် နှစ်ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုများ
– လွိုင်ကော်မှာ လက်နက်ကြီးထိမှန်မှုကြောင့် ၁၀နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ၄ဦးသေဆုံး၊ ၃ဦးထိခိုက်ဒဏ်ရာရ
– လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်အိမ်ခြေ (၂၀၀) ဝန်းကျင်အတွက် ဟင်းစားသီးနှံစိုက်ပျိုးဖို့ ကူညီပေး ဆိုတဲ့သတင်းနဲ့ မီးခိုးငွေ့နဲ့အတူ ပျောက်ဆုံးသွားတဲ့ အနာဂတ်အိပ်မက်များ တဲ့ ဆောင်းပါးနဲ့ အတူ “ခွဲခြားဆက်ဆံမှုနဲ့ အာဏာရှင်စနစ်ကို တော်လှန်နေသူ “မူစဲ” ဆိုတဲ့ အမျိုးသမီးကဏ္ဍ အစီအစဉ်၊ ကယန်းဘာသာအစီစဉ်၊ ကရင်နီ သီချင်းကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။