KT-FM ကရင်နီဘာသာ အစီအစဉ် နိုဝင်ဘာလ ( ၂၀) ရက်၊ ၂၀၂၄ ခုနှစ် (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– အာဏာသိမ်းကာလအတွင်း ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ ဘာသာရေးအဆောက်အအုံ (၅၂)လုံး ပျက်စီး၊ လက်နက်ကြီးထိမှန်မှုကြောင့် အများဆုံးဖြစ်
– ၂ နှစ်ကျော်ကြာပျောက်ဆုံးနေတဲ့ ဝါရီဆူးပလိုင် ဒေသခံ ၂၀ ဦး ရဲ့ သတင်း မကြားရသေးဟု ဒေသခံတွေဆို
– စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာမှာကို စိုးရိမ်တာကြောင့် လွိုင်ကော်၊ နိုးကိုးဒေသခံနဲ့ စစ်ဘေးရှောင်တွေ တိမ်းရှောင်နေရ ဆိုတဲ့သတင်းနဲ့ “ဖားဆောင်းမြို့သိမ်းတိုက်ပွဲ ဘာကြောင့်မအောင်မြင်သေးသလဲ။” ဆိုတဲ့ ဆောင်းပါးနဲ့အတူ ကယောဘာသာ နှင့် ကယန်းဘာသာ အစီအစဥ်နဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။