KT-FM ကရင်နီဘာသာ အစီအစဉ် နိုဝင်ဘာလ ( ၁၆) ရက်၊ ၂၀၂၄ ခုနှစ် (စနေနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဆိုမိုဖေစိုးလေး (ရှားတော)မြို့နယ်က အမှတ် ၁ စစ်ရှာင်စခန်းရဲ့ စာသင်ကျောင်းမှာ ကျောင်းသုံးပစ္စည်း လိုအပ်နေဆဲ
– အွန်လိုင်းလောင်းကစားခြင်းကို အရေးယူမယ့် IECရဲ့ အစီအမံ အလုပ်ဖြစ်နေ
– စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှု လုပ်ဆောင်နေတာကြောင့် လူထုတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ KNDF တိုက်တွန်း
ဆိုတဲ့သတင်းနဲ့ “ရေညစ်ညမ်းခြင်းရဲ့ အကြောင်းရင်း နဲ့ ညစ်ညမ်းတဲ့ရေတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုပြုပြင် အသုံးပြုကြမလဲ” ဆောင်းပါးနဲ့ အတူ ပကူးဘာသာ နှင့် ယင်းတလဲ ဘာသာအစီအစဥ်၊ ကရင်နီ သီချင်းကောင်းလေးများနှင့် နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။