KT-FM ကရင်နီဘာသာ အစီအစဉ် မတ်လ ( ၉) ရက်၊ ၂၀၂၅ ခုနှစ် (တနင်္ဂနွေနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စုအတွင်းက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာမှုများနေပြီး ဆေးဝါးလိုအပ်နေ
– နိုင်ငံတစ်ဝှမ်းမှာ တစ်လအတွင်း အသက် ၁၈နှစ်အောက်ကလေးငယ် ၁၃ ဦး အပါအဝင် အမျိုးသမီး ၆၆ ဦးသေဆုံး
– ဖရူဆိုအနောက်ဖက်ခြမ်းက ဒေသထွက် ငရုတ်သီးဈေး ပြီးခဲ့တဲ့လထက် ကျဆင်း ၊ အခက်အခဲကြုံရတယ်လို့ ရောင်းဝယ်သူတွေပြော
– ဖမ်းဆီးခံရတဲ့ မိုးဗြဲတောင်သူအရေးတက်ကြွလှုပ်ရှားသူ ခွန်းအောင်မျိုးခန့် သေဆုံး ဆိုတဲ့သတင်းနဲ့ “ခေတ်ပျက်ကြီးအတွင်း မလိုချင်သေးဘဲ ရလာတဲ့ကိုယ်ဝန်တွေ”ဆိုတဲ့ အမျိုးသမီးကဏ္ဍ ဆောင်းပါးနဲ့အတူ ကယန်းဘာသာ စီအစဥ်နဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။