KT-FM ကရင်နီဘာသာ အစီအစဉ် မတ်လ ( ၁၃) ရက်၊ ၂၀၂၅ ခုနှစ် (ကြသပတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ကရင်နီ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ဗုံးအလုံးရေ (၁၅) လုံးကြဲချ၊ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ
– မယ်စဲ့မြို့နယ်ထွက် ပဲပုပ်တွေကို ထိုင်းကိုတင်ပို့ရောင်းပေမယ့် စျေးကောင်းမရ
– ရှမ်းပြည်၊ ညောင်ရွှေက စစ်ရှောင်တွေအတွက် ရိက္ခာဖြန့်ဝေမှုကို စစ်ကောင်စီ ပိတ်ပင်၊ နေရပ်ပြန်ဖို့ ဖိအားပေး
– တောင်ငူ – ဒီးမော့ဆိုလမ်းမပေါ်က ဇလဲတံတား ပျက်စီး၊ လူထိခိုက်မှုမရှိ
– နယ်စပ်က စစ်ရှောင်စခန်းတနေရာမှာ ရေကြောင့် အရေပြားအနာနဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေ၊ ရေသွယ်တန်းနိုင်ဖို့ အကူအညီလိုအပ် ဆိုတဲ့သတင်းနဲ့ လိုအပ်ချက်များပြားတဲ့ နယ်စွန်နယ်ဖျားက “ကစူပါကျေးရွာ” ဆိုတဲ့ ဆောင်းပါးနဲ့အတူ ပကူးဘာသာ နှင့် ယင်းတလဲဘာသာ စီအစဥ်နဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။