KT-FM ကရင်နီဘာသာ အစီအစဉ် မတ်လ ( ၂၃) ရက်၊ ၂၀၂၅ ခုနှစ် (တနင်္ဂနွေနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– လေပြင်းတိုက်ခတ်မှုကြောင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာတွင် စစ်ရှောင်နေအိမ် အလုံး ၂၀ ပျက်စီးမှု ရှိနေပြီး အကူအညီများ လိုအပ်နေ
– စစ်ကောင်စီလက်နက်ကြီးကြောင့် ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ဘေးရှောင်အမျိုးသမီး ထိခိုက်ဒဏ်ရာရ
– ဒီးမော့ဆိုက စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ကလေးငယ်တစ်ဦးဒဏ်ရာရ
– စစ်ရေးအခြေအနေအရ လွိုင်ကော်-ဆီဆိုင်လမ်းကို မသွားလာဖို့ KNDF ထုတ်ပြန် ဆိုတဲ့သတင်းနဲ့ “ဒေလီယာ ရဲ့ သုံးနှစ်တာ ငရဲခန်းအတွေ့အကြုံ” ဆိုတဲ့အမျိုးသမီးကဏ္ဍနဲ့အတူ ကယန်းဘာသာအစီစဉ်၊ ကရင်နီ သီချင်းကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။