KT-FM ကရင်နီဘာသာ အစီအစဉ် အောက်တိုဘာလ ( ၂၇ ) ရက်၊ ၂၀၂၄ ခုနှစ် (တနင်္ဂနွေနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဘောလခဲဗျူဟာတပ်ကို ရဟတ်ယာဥ်နဲ့ စစ်ကူထပ်ဖြည့်ပြီး ဒဏ်ရာရလူနာကို ရဟတ်ယာဥ်ဖြင့်တင်ဆောင်သွား
– ဖယ်ခုံမြို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံနေအိမ်တွေကို စစ်ကောင်စီတပ် မီးရှို့
– ဆယ်ကျော်သက်လူငယ်တွေအတွက် ရောင်နီဦးပညာရေးစင်တာက Pre GED ကျောင်းကို ဖွင့်လှစ်ထား စတဲ့ သတင်းတွေ အပါအဝင် “စစ်တလင်းကြားမှ ပညာရေးအခွင့်အလမ်းကို ဖန်တီးပေးနေတဲ့ ကျောင်း” ဆိုတဲ့ ဆောင်းပါးနဲအတူ “ကရင်နီပြည်က စံပြအမျိုးသမီး (သို့မဟုတ်) မော်မိမာ” ဆိုတဲ့ အမျိုးသမီးကဏ္ဍ အစီအစဉ်၊ ကယန်းဘာသာအစီစဉ်၊ ကရင်နီ သီချင်းကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။