KT-FM ကရင်နီဘာသာ အစီအစဉ် ဧပြီလ (၁၅) ရက်၊ ၂၀၂၅ ခုနှစ် (အင်္ဂါနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ငလျင်ဒဏ်ခံရသော အင်းလေးဒေသ ပြည်သူများကို PNO ပြည်သူ့စစ်များက ထမင်းထုပ်ပို့ခိုင်း
– ဆိုမိုဖေစိုးလေးမြို့နယ်က ရေဘေးနဲ့ စစ်ဘေး ကြောင့် နေအိမ်ပျက်စီးသွားသူတွေ ပြန်လည်ထူထောင်ရေးအတွက် သစ်ထုတ်လုပ်ခွင့် လိုလားနေ
– ကရင်နီပြည်တပ်မတော် ထိန်းချုပ်နယ်မြေမှာ အရေးပေါ်အခြေခံ ဆေးသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ ပြုလုပ်
– ဒီးမော့ဆိုက ပြိုကျနေဆဲ တွင်းကြီးကို အန္တရာယ်မဖြစ်အောင် အနီးဝန်းကျင်မှာ ခြံစည်းရိုးခတ်ထားဆိုတဲ့သတင်းတွေနဲ့ ကြက်ဥကို ကရင်နီပြည်နယ်အတွင်းမှာ ထုတ်လုပ်နိုင်ဖို့ လိုအပ်နေ ဆိုတဲ့ ဆောင်းပါးနဲ့အတူ ပကူးဘာသာ နှင့် ယင်းတလဲဘာသာ စီအစဥ်နဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။