KT-FM ကရင်နီဘာသာ အစီအစဉ် ဩဂုတ်လ ( ၂၅ ) ရက်၊ ၂၀၂၄ ခုနှစ် (တနင်္ဂနွေနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဆီဆိုင်မြို့မှာ ဩဂုတ်လအတွင်း တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၄၈ဦးသေဆုံး၊ လက်နက်၊ ဒရုန်းသိမ်းဆည်းမိ
– ထိုင်းနယ်စပ်ရောက် ရေဖြူစစ်ဘေးရှောင်များ ရေရှည်အတွက် စိုးရိမ်းဖွယ်ဖြစ်သည်ဟုဆို
– ဖယ်ခုံမြို့နယ်ထဲက ကယောကျေးရွာတွေမှာရှိတဲ့ စစ်ရှောင်တွေ ဆန်ရိက္ခာပြတ်လပ်၊ အကူအညီတွေလိုအပ်နေ
– ၁ လ ကျော်ကြာ ပျောက်ဆုံးနေတဲ့ ဖရူဆိုဒေသခံလူငယ်နှစ်ဦး စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခြင်းခံရ၊ အလောင်းကို ပြန်တူးဖော်ရရှိ
ဆိုတဲ့သတင်းတွေနဲ “ခြေထောက်တဖက်နဲ့ တော်လှန်ရေးခရီးကို ဆက်လျှောက်နေတဲ့ KNDF ရဲဘော်” ဆိုတဲ့ဆောင်းပါးနဲအတူ ကရင်နီအမျိုးသမီးအကျဉ်းသားတွေ ပြန်ပြောင်းပြောပြတဲ့ ထောင်တွင်းက ဖြစ်ရပ်မှန်တွေ…….” ဆိုတဲ့ အမျိုးသမီးကဏ္ဍ အစီအစဉ်၊ ကယန်းဘာသာအစီစဉ်၊ ကရင်နီ သီချင်းကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။