KT-FM ကရင်နီဘာသာ အစီအစဉ် ဩဂုတ်လ ( ၁၁ ) ရက်၊ ၂၀၂၄ ခုနှစ် (တနင်္ဂနွေနေ့ )
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– မသန့်ရှင်းတဲ့ရေကို သုံးစွဲနေရတဲ့ မိုးဗြဲ စစ်ရှောင်တွေ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားယားနာမှု ဖြစ်ပွားနေကြ
– ပျောက်ဆုံးနေတဲ့ ဖရူဆိုလူငယ် ၂ ဦး ၁လကြာတဲ့အထိ မတွေ့သေး၊ ကူညီရှာဖွေပေးဖို့ မိသားစုဝင်တွေ အကူအညီတောင်း
– ဘောလခဲ ရေကျော် တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေ သိမ်းပိုက်ချေမှုန်းနိုင်ခဲ့
ဆိုတဲ့သတင်းတွေနဲ “ဆယ်စုနှစ် ၃ ခုနီးပါးအထိ ဒုက္ခသည်စခန်းကနေ အိမ်ပြန်ဖို့ မျှော်လင့်နေကြဆဲ ကရင်နီဒုက္ခသည်များ” ဆိုတဲ့ ဆောင်းပါးနဲအတူ ကယန်းဘာသာအစီစဉ်၊ ကရင်နီ သီချင်းတောင်း အစီအစဉ်၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။