KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ အောက်တိုဘာလ ၂၆ ရက်နေ့ ( ကြာသပတေးနေ့)
ဒီကနေ့ မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက …..
– ကရင်နီလူငယ်တွေကို ဦးဆောင်မယ့် ကရင်နီပြည်လူငယ်ရေးရာကော်မတီကို ဖွဲ့စည်း
– ဒေါနိုးကူးစစ်ရှောင် ကိုယ်ဝန်ဆောင် မိခင်တွေ အာဟာရ ချို့တဲ့နေ
–တိုက်ပွဲဖြစ်ပွားတဲ့ဒေသက ဒေသခံတောင်သူတွေ စပါးမရိတ်သိမ်းနိုင်မှာကို စိုးရိမ်နေကြ
စတဲ့သတင်းတွေနဲ့အတူ ဒေသတွင်းသတင်းတွေ
ဆောင်းပါးကဏ္ဍကနေပြီး “မှုန်ဝါးနေတဲ့ ပညာရေးလမ်းကြောင်းကို အားမလျော့ဘဲ ထိုးဖောက်နေတဲ့ ကရင်နီ လူငယ်များ” ဆိုတဲ့ဆောင်းပါးကို ကြားကြရမှာ ဖြစ်ပါတယ်။ ဒါအပြင်ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz မှာ ဖမ်းယူနားဆင်နိုင်ပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။