ဒီကနေ့ မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက …..
– လွိုင်ကော်မြို့မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းသုံးပြီး နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေ
– လွိုင်ကော်မြို့ပေါ် ရပ်ကွက်မှာ လက်နက်ကြီးကျရောက်မှုကြောင့် ကလေးအပါအဝင် သေဆုံးမှုများ
– လွိုင်ကော်မှာ စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချအညံ့ခံ၊ စစ်ကောင်စီတပ်သား တစ်ရာကျော် သေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိ
စတဲ့သတင်းတွေနဲ့ အတူ
သတင်းလွှာတွေထဲက
– စစ်ကောင်စီက လျှစ်လျူရှုထားတဲ့ Non CDM ဝန်ထမ်း ၁၃၄ ဦးနဲ့ မိသားစုဝင် ၆၄ ဦး ကို တော်လှန်ရေး တပ်ပေါင်းစုံက ကယ်ထုတ်
– တစ်ရက်အတွင်း လွိုင်ကော်မြို့မှာ မိသားစုလိုက် သေဆုံးမှုအပါအဝင် အရပ်သား ၁၄ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ
– စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကြောင့် ပရဟိတအသင်းကားတွေအသုံးမပြုရဲပဲ အရပ်သားကားတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်နေရ
– ကုန်ဈေးနှုန်းမြှင့်တက်နေပေမဲ့ ခဲဈေးက ပုံမှန်အတိုင်းရှိနေတာကြောင့် မော်ချီးဒေသခံများ အခက်တွေ့
ဆောင်းပါးကဏ္ဍကနေပြီး “ မြို့သိမ်းတိုက်ပွဲကြားက မြေစာပင် ရဲ့ဆုတောင်းသံ ” ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာ ဖြစ်ပါတယ်။ ဒါအပြင်ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz မှာ ဖမ်းယူနားဆင်နိုင်ပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။