ဒီကနေ့ မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက …..
– ထိုင်း-ကရင်နီနယ်စပ်ကို ထပ်မံရောက်လာတဲ့ စစ်ရှောင် ၂၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ အိမ်အသုံးအဆောင်ပစ္စည်း လိုအပ်
– ရှားတောစစ်ရှောင်တွေအတွက် အလှူရှင်ရောက်ရှိမှုနည်းပါးပြီး လိုအပ်ချက်များပြားနေ
စတဲ့သတင်းတွေနဲ့ ဒေသတွင်းသတင်းတွေ….
– ကြွေလွင့်ခဲ့ရတဲ့ “မြေစာပင်ဘဝများ “ နှင့် ရှင်သန်သူတွေရဲ့ “စိုးရိမ်သံ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ကြားကြရပါမယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz မှာ ဖမ်းယူနားဆင်နိုင်ပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။