ဒီကနေ့ ထုတ်လွှင့်မယ့် KT-FM မြန်မာဘာသာရေဒီယို အစီအစဉ်
- (၇၄)နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ကို ကရင်နီထိန်းချုပ်ရာနယ်မြေမှာ ပြုလုပ်
- လွိုင်ကော်မြို့ ပွန်ချောင်းက စစ်ကောင်စီတပ်စခန်းကို KA ၊ KNDF တို့က ဒရုန်းဖြင့် သွားရောက်ပစ်ခတ်
- ကျေးရွာဆေးပေးခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက် ဒေသခံတစ်ဦးသေဆုံး ၂ဦးထိခိုက်ဒဏ်ရာရ စတဲ့သတင်းတွေနဲ့အတူ
ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အပေါ် မှာ KNDF ရဲ့ အတွင်းရေးမှူး ၃ ခူးရီးဒူနဲ့ တွေ့ဆုံမေးမြန်းခြင်းကို ကြားရဖို့ရှိပါတယ်။
FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးလျက်ရှိပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်နှင့် ကရင်နီပြည်အတွင်း နေရာအချို့တွင် ရေဒီယိုနှင့် လက်ကိုင်ဖုန်းများဖြင့် FM 100 mhz တွင် ဖမ်းယူနားဆင်နိုင်ပါတယ်။