ဒီကနေ့ ထုတ်လွှင့်မယ့် KT-FM မြန်မာဘာသာရေဒီယို အစီအစဉ်
သတင်းတွေထဲက …..
– စစ်ကောင်စီက ဒီးမော့ဆိုအရှေ့ခြမ်းကို လေကြောင်းအသုံးပြုတိုက်ခိုက်
-လောပိတမှာ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦး ရေနစ်ပျောက်ဆုံး
– ပင်လောင်းမြို့နယ် နန်းနိမ် ကျေးရွာမှာ အိမ်ခြေ ၄၀ ဝန်းကျင် မီးရှို့ခံရကြောင်း ဒေသခံတွေဆို
– နယ်စပ်တပ်စခန်းတွေမှာ ရိက္ခာပို့ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ် မကြာခဏ တိုက်ခိုက်ခံရ
-မီးဘေးအန္တရာယ်ကာကွယ်နိုင်ဖို့ စစ်ရှောင်စခန်းမှာ စည်းကမ်းချက် ထုတ်ပြန်ထား
စတဲ့ ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေ ၊ ဒေသတွင်းသတင်းတွေနဲ့ အမျိုးသမီးကဏ္ဍကနေပြီး …..
-အမျိုးသမီးတွေရဲ့ လုံခြုံရေးအခြေအနေတွေကို ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး KyWO ဗဟိုကော်မတီဝင်တစ်ဦးနဲ့ တွေ့ဆုံမေးမြန်းထားတာကို ကြားရဖို့ရှိပါတယ် ။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ အချိန်မှာ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်