ဒီကနေ့ ထုတ်လွှင့်မယ့် KT-FM မြန်မာဘာသာရေဒီယို အစီအစဉ် သတင်းတွေထဲက …..
– နမ်းနိန်းဖြစ်စဉ်နဲ့ပတ်သက်ပြီး KNDF ၊ PDF တို့ကို အလိုမရှိကြောင်း တောင်ကြီးမြို့မှာ ဆန္ဒပြ
– ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကနေ တိမ်းရှောင်ရတဲ့ စစ်ရှောင်ကလေးတချို့မှာ အရေပြားအနာဖြစ်ပွားနေ
– စစ်ရှောင်စခန်းတစ်ခုမှ တပ်မံရောက်ရှိလာတဲ့ စစ်ရှောင်တွေကို စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းရရှိရေးအတွက် စီစဉ်ပေးနေ
– ဒီးမော့ဆိုအရှေ့ခြမ်း စစ်ရှောင်တချို့အတွက် နေရာထိုင်ခင်းရရှိဖို့ တဲဆောက်ပေး စတဲ့ ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေ ၊
– ဒီးမော့ဆိုအရှေ့ခြမ်းကနေ အနောက်ခြမ်း ရွေ့ပြောင်းလာရတဲ့ စစ်ရှောင်တွေရဲ့ ပြောစကားတချို့ ၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းပေးပို့ချက်ထဲက …..
– “ စစ်ရှောင်ရင်း “စစ်ပွဲ” နဲ့ ကြုံရသူများ”… ဆိုတဲ့ ဆောင်းပါးကို ကြားရဖို့ရှိပါတယ် ။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ အချိန်မှာ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။