spot_imgspot_imgspot_imgspot_img
Sunday, December 22, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာအစီအစဉ် ၊ ၂၀၂၃၊ မတ်လ ၁၈ ရက်နေ့ (စနေနေ့)

ဒီကနေ့ ထုတ်လွှင့်မယ့် KT-FM မြန်မာဘာသာရေဒီယို အစီအစဉ်

သတင်းတွေထဲက  …..

– နမ်းနိန်းကျေးရွာမှာ သံဃာတော်သုံးပါးအပါအဝင် ၂၂ဦး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပူးတွဲထုတ်ပြန်

– ခလရ (၁၀၂)တပ်ထဲ ဆင်းသက်ဖို့လာတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ပြန်လည်ထွက်ခွာသွား

– ဒေါညေးခူဒေသခံတွေရဲ့ စပါးကျီကို စစ်ကောင်စီ မီးရှို့နေ

– လွိုင်ကော်မြို့ မှာ စစ်ရှောင်လာတဲ့ အရပ်သားတွေကို စစ်ကောင်စီက စစ်ဆေး ဖမ်းဆီးနေ

– ဒီးမော့ဆိုမြို့နယ်အတွင်း စက်သုံးဆီပြတ်လတ်၊ မှာယူရောင်းချလို့မရသေး

စတဲ့ ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေ

-နမ်းနိန်ကျေးရွာမှာဖြစ်ခဲ့တဲ့ သံဃာတော်သုံးပါးအပါအဝင် အရပ်သား(၂၂)ဦး သတ်ဖြတ်ခံရမှုကို နိုင်ငံတကာမှာ အရေးယူနိုင်အောင် ဆောင်ရွက်သွားမယ်လို့ KSP ပြောဆိုလိုက်တယ် ဆိုတဲ့ သတင်းပေးပို့ချက်နဲ့ ဒေသတွင်းသတင်းတွေ ကိုကြားရမှာဖြစ်ပါတယ်။

ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ အချိန်မှာ  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်

spot_img
spot_img