ဒီကနေ့ ထုတ်လွှင့်မယ့် KT-FM မြန်မာဘာသာရေဒီယို အစီအစဉ်
သတင်းတွေထဲက …..
– ကော်မြို့က စစ်ကောင်စီ ဂိတ်စခန်း နှစ်ခု တိုက်ခိုက်ခံရ
– စစ်ရှောင်စာသင်ကျောင်း ဆက်လက်ဖွင့်လှစ်နိုင်ဖို့ ကျောင်းဆောင်သစ်ဆောက်လုပ်
– မယ်စဲ့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် လူဦးရေတစ်ထောင်ကျော် ထိုင်းနိုင်ငံအတွင်းကို တိမ်းရှောင်လာ၊ အကူအညီများ အရေးပေါ် လိုအပ်နေ
– ဖရူဆိုမြို့နယ် စစ်ရှောင်လူထုတွေကို လိင်ပိုင်းဆိုင်ရာ အသိပညာပေး သင်တန်း ပို့ချ
စတဲ့ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေ နဲ့ ဒေသတွင်းသတင်းတွေ……
– “ စစ်ကောင်စီရဲ့ ပေါင် (၅၀၀)ဗုံးသီးတွေကို ဒရုန်းတပ် ဗုံးသီးအဖြစ် ပြန်လည်ပြုလုပ်နေတဲ့ လူငယ်တစု ” ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ ခွဲ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ မှ ၇ နာရီအထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ ထိုင်း-ကရင်နီနယ်စပ်နှင့် ကရင်နီပြည်အတွင်းနေရာအချို့မှာတော့ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် FM ရေဒီယိုလိုင်း 100 mhz တွင် ဖမ်းယူနားဆင်နိုင်ပါတယ်။