spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၇) ရက် (‌‌စနေနေ့)

ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့

– KNDF တပ်ရင်း အမှတ်(၈) တပ်ခွဲ(၃)က ရဲဘော်တစ်ဦး တိုက်ပွဲဒဏ်ကြောင့် အူအတက်ပေါက်ကာ ရုတ်တရက် ကျဆုံး

– နေရပ်မပြန်နိုင်သေးတဲ့ မိုးဗြဲစစ်ရှောင်တွေ စိုက်ပျိုးရာသီကာလမှာ တောင်ယာ၊ လယ်ယာငှားရမ်းပြီး ဝမ်းရေးဖြေရှင်းနေကြ

–ထပ်မံရောက်ရှိလာတဲ့ လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်အတွက် နေရာထိုင်ခင်း၊ အမိုးအကာ လိုအပ်နေ စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့

–အပတ်စဉ်တင်ဆက်ပေးနေတဲ့ အမျိုးသမီးကဏ္ဍကနေပြီး “မော်ချီးမြေမှာ ဝမ်းစာရှာဖွေနေတဲ့ သားအမိ” အကြောင်း ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်း သီချင်းတွေနဲ့ “ကန္တာရဝတီတိုင်းအတွက် voa နိုင်ငံတကာသတင်း” တွေကို ဆက်လက်ကြားရမှာပါ။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img