KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇) ရက် (ကြာသပတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– မယ့်စလောင်းတောင်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်
– လွိုင်ကော်မြို့မှာ ဌာနဆိုင်ရာ လက်အောက်ခံဝန်ထမ်းတွေကို ဩဂုတ်လအတွင်း အားလုံးပြန်လာဖို့ စစ်ကောင်စီညွှန်ကြားထား
– လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ဘေးရှောင်တွေ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်နိုင်ဖို့ မျိုးစေ့လိုအပ်နေ
– ပင်လောင်းမြို့ကနေ ဖယ်ခုံမြို့ ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေ စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေ…..
– “ ဆယ်စုနှစ် ၃ ခုနီးပါးအထိ ဒုက္ခသည်စခန်းကနေ အိမ်ပြန်ဖို့ မျှော်လင့်နေကြဆဲ ကရင်နီဒုက္ခသည်များ “ ဆိုတဲ့ဆောင်းပါးကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်းသီချင်းတွေနဲ့ voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။