spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၈) ရက် (‌‌တနင်္လာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၈) ရက် (‌‌တနင်္လာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ရှားတောမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် စားနပ်ရိက္ခာ နဲ့ ဆေးဝါး ပြတ်လပ်နေ
– စိုက်ပျိုးခင်းတွေမှာ မြေဩဇာထည့်မသုံးနိုင်တဲ့အတွက် သီးနှံမဖြစ်ထွန်းမှာကို တောင်သူတွေစိုးရိမ်
– စစ်ရှောင်တွေအသုံးပြုတဲ့ မိုးကာတွေ ဆွေးမြှေ့လာတာကြောင့် မိုးရာသီကာလမှာ ပိုမိုလိုအပ်နေ စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
-အမျိုးသမီးကဏ္ဍကနေပြီး “  တိုင်းတပါးမှာ ဘဝအတွက် အွန်လိုင်းစျေးရောင်းပြီးရှေ့ဆက်နေတဲ့ CDM ကျောင်းဆရာမ “ အကြောင်းကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်းသီချင်းတွေနဲ့  voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz  နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ  ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့်  ဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img