spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက် (‌‌စနေနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက် (‌‌စနေနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
–ဖားဆောင်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းအသုံးပြုတိုက်ခိုက် ၊ အဆိပ်ငွေ့များအသုံးပြုခဲ့ကြောင်း ဆို
– အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း သေဆုံးသူ (၅၃၈၂) ဦးရှိ ၊ ၆ လအတွင်း ၁၈နှစ်အောက် ကလေး (၁၄၇)ဦးသေဆုံး
– မော်ချီးနဲ့ မယ်စဲ့ ဒေသဘက်က ကိုယ်ဝန်ဆောင်မိခင် နဲ့ ၅နှစ်အောက် ကလေးငယ်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ လက်လှမ်းမမှီသေးဘူးလို့ KMS ပြော
– တော်လှန်ရေးကာလမှာ လူ့စွမ်းအားအရင်းအမြစ်ဖြည့်ဆည်းနိုင်ဖို့ ကရင်နီလူမှုသိပ္ပံကောလိပ် အတန်းရဲ့ အပတ်စဥ်(၂) အတွက် သင်တန်းသားခေါ်ယူ
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
– “ ကရင်နီအမျိုးသမီးအကျဉ်းသားတွေ ပြန်ပြောင်းပြောပြတဲ့ ထောင်တွင်းက ဖြစ်ရပ်မှန်တွေ…….”ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်းသီချင်းတွေနဲ့  voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz  နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ  ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့်  ဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img