spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက် (သောကြာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက် (သောကြာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– လူသေအလောင်း တွေ့တယ်လို့ ကောလဟာလထွက်နေတဲ့ အမှိုက်ပုံကို KNDF နဲ့ KSP တို့ရှင်းလင်း
– ဖရူဆို – ဘောလခဲနယ်စပ်က ကလိလျား နဲ့ ဝေကျခေါ စစ်ရှောင်စခန်းမှာ အရေပြား နဲ့ ရာသီတုပ်ကွေး အဖြစ်များနေ ၊ ကလေးငယ်တွေ အာဟာရချို့တဲ့မှုလည်း ရှိနေ
– ဖရူဆိုမြို့ ၊ ဝယ်ဒူလျား စစ်ရှောင်စာသင်ကျောင်းမှာ ကျောင်းသုံးပစ္စည်းကိရိယာတွေအတွက် အကူအညီတောင်းခံ စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
– “နွားခြံထဲက စာသင်ဝိုင်းငယ်လေး” ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်းသီချင်းတွေနဲ့  voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz  နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ  ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့်  ဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img