KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက် (တနင်္လာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တစ်လအတွင်း အရပ်သားနေအိမ် (၆၀) ကျော် မီးလောင်ပျက်စီး
– အခြေခံဆရာအတတ်ပညာ တစ်နှစ်သင်တန်း ကို တက်ရောက်ပြီးစီးသူ ၅၇ ဦးရှိ
– နန်းဖဲကျေးရွာအုပ်စုက နောင်လော် စစ်ဘေးရှောင်စခန်းမှာ မူလွန်ကျောင်းသားတွေ ငှက်ဖျားရောဂါ အဖြစ်များနေ စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
-အမျိုးသမီးကဏ္ဍကနေပြီး “ ကရင်နီစစ်ရှောင်အရေးတွေမှာ တက်ကြွစွာပါဝင်နေတဲ့ တိုင်းတပါးရောက် “ ပိုပိုလေး ” ” အကြောင်းကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်းသီချင်းတွေနဲ့ voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။