KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက် (အင်္ဂါနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– Karenni Arts Creation (KAC) ရဲ့ တစ်နှစ်ပြည့်အခမ်းအနားပြုလုပ်ပြီး LOSE AND HOPE ရုပ်ရှင်ဇာတ်ကားပြသခဲ့
– လွိုင်ကော်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေ အရပ်ဝတ်နဲ့ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေ
– လေကြောင်းရန်ကြောင့် ဖရူဆိုမြို့နယ် နယ်စပ်က စစ်ရှောင်ကျောင်းသားတွေ တောထဲမှာ စာသင်နေရ၊ မိုးတွင်း သွားလာရခက်ခဲ စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
-မိုးဗြဲရေကာတာ၊ ရေတံခါးဖောက်ချမှုကြောင့် ဘီးလူးချောင်းဘေးတစ်လျှောက်က စပါးခင်းတွေ ရေနှစ်မြှုပ်ခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးကို မေးမြန်းချက်နဲ့အတူ
– “ ကွန်ပျူတာကီးဘုတ်ပေါ်ကနေ ဟိုတယ်ကြမ်းတိုက်တုတ်ဆီသို့ ”ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်းသီချင်းတွေနဲ့ voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။