KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၇) ရက် (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– မိုးများတဲ့အတွက် ရေချောင်းဘေးတစ်လျှောက် လယ်စပါး နဲ့ နှမ်းခင်းတွေ ရေနစ်မြှုပ်နေ
– စစ်ဘေးရှောင်တွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားတဲ့ နှမ်းတွေဟာ ၂နှစ်ဆက်တိုက် အရှုံးနဲ့ ရင်ဆိုင်ရ
–ပွန်ချောင်း အမှတ်(၆)စစ်ရှောင်စခန်းက စာသင်ကျောင်းမှာ ချောင်းရေမြင့်တက်လာတာကြောင့် စာသင်ကျောင်း ပိတ်ထားရ
စတဲ့သတင်းတွေနဲ့ ဒေသတွင်းသတင်းတွေ…..
– “သေနတ်သံတွေနဲ့အတူ သန်းခေါင်ယံမှာကြားရတဲ့ ဆာလောင်သံ”ဆောင်းပါးကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်းသီချင်းတွေနဲ့ voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။