KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၈) ရက် (ကြာသပတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဘောလခဲ ရေကျော် တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေ သိမ်းပိုက်ချေမှုန်းနိုင်ခဲ့
– တိုက်ပွဲဖြစ်နေတာကြောင့် လွိုင်ကော်-ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီး တလျှောက် မသွားလာဖို့ KNDF အသိပေး
– ကယားရိုးရာ ဂေးလာ (တောလိုက်ခြင်း)ကို ဖရူဆို၊ အရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာမှာပြုလုပ်၊ မအောင်မြင်ဘူးလို ဒေသခံကပြော
စတဲ့သတင်းတွေနဲ့ ဒေသတွင်းသတင်းတွေ…..
-“အရှုံးမလိုချင်လို့ ခြေတုတစ်ဖက်နဲ့ စစ်တိုက်နေတဲ့ တော်လှန်ရေးရဲဘော်” ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်းသီချင်းတွေနဲ့ voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။