KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်၊ (တနင်္လာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ညောင်ရွှေမြို့နယ်က စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးအပါအဝင် ပြည်သူ ၃ ဦးသေဆုံး
– ဖရူဆိုမြို့နယ်က ငရုပ်စိုက်တောင်သူတွေ ယခုနှစ် ဈေးကောင်းရ
– လေကြောင်းတိုက်ခိုက်ခံရမှုတွေ များလာတာကြောင့် ဗုံးခိုကျင်း မဖြစ်မနေတူးကြဖို့ အုပ်ချုပ်ရေးမှူးတွေ ညွှန်ကြား
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
အမျိုးသမီးကဏ္ဍကနေပြီး “၂၀၂၄ ခုနှစ်အတွင်း ကရင်နီက အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှု အများဆုံးခံနေရ” ဆိုတဲ့အကြောင်းကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.8 mhz ထုတ်လွှင့်ပေးနေပါတယ်။