KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်၊ (ဗုဒ္ဓဟူးနေ့ )
ဒီကနေ့ နားဆင်ရမှာကတော့
– လွိုင်ကော်မြို့၊ သီရိမင်္ဂလာစျေး (တောင်စျေး) ဆိုင်ခန်းမှာ သံတံခါးတပ်ဆင်ဖို့ တံခါးတစ်ချပ်ကို ၂၇ သိန်းကျပ် တောင်းခံ ၊ ဈေးသည်တွေ အခက်အခဲရှိ
– ဖယ်ခုံမှာ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ စတဲ့သတင်းတွေနဲ့ မိုးလေဝါသ သတင်း။
– လိုအပ်ချက်များပြားတဲ့ နယ်စွန်နယ်ဖျားက “ကစူပါကျေးရွာ”ဆို တဲ့ ဆောင်းပါးအပါအဝင်…..
အပတ်စဉ်ဗုဒ္ဓဟူးနေ့မှာ တင်ဆက်ပေးနေတဲ့ သုတအဖြာဖြာအစီအစဉ်ကနေပြီး “လတ်တလော ပျံ့နှံ့မှုများလာတဲ့ HMPV ဗိုင်းရပ်စ်က စိုးရိမ်စရာဖြစ်နေလား” ဆိုတဲ့အကြောင်း နားဆင်ကြရ မှာဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.8 mhz ထုတ်လွှင့်ပေးနေပါတယ်။