KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်၊ (သောကြာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– မိုးဗြဲမြို့၊ ဝါရီဆူးပလိုင်ကျေးရွာအတွင်း လူအရိုးစု ၂ ခု ထပ်မံတွေ့ရှိ
– စစ်ဆင်ရေးကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ KNDF တပ်ရင်း ( ၃၄ ) ထံ ခိုလှုံလာ
– မိုးဗြဲမြို့မှာ ၄ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းသုံး တိုက်ခိုက်မှုတွေရှိနေ
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
အပတ်စဉ် ကြာသပတေးနေ့မှာ တင်ဆက်ပေးနေတဲ့ “လူထုစာလွှာ” အစီအစဉ်နဲ့ “တပတ်တွင်းကုန်ဈေးနှုန်းသတင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း” တွေကို တင်ဆက်ပေးပါမယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.8 mhz ထုတ်လွှင့်ပေးနေပါတယ်။