spot_imgspot_imgspot_imgspot_img
Wednesday, February 5, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်၊ (ဗုဒ္ဓဟူးနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်၊ (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ရှမ်းတောင်က မြို့နယ်နဲ့ ကျေးရွာတချို့မှာ တစ်လအတွင်း စစ်ကောင်စီ လက်နက်ကြီးအကြိမ်ရေ ၅၄ ကြိမ်ပစ်ခတ်မှုရှိ၊ ပြည်သူ ၃ ဦးထိခိုက်သေဆုံး
– အရေးပေါ် ကယ်ဆယ်ရေးကား ဝယ်ယူဖို့ပြုလုပ်နေတဲ့ ကမ်ပိန်း ၃၉ ရာခိုင်နှုန်းသာ ရှိသေးတာကြောင့် ပါဝင်ကူညီပေးဖို့ တောင်းဆို
– ဒီးမော့ဆို၊ ကျွန်းပင်ကုန်း (၂) စစ်ဘေးရှောင်မှာ ကလေး/လူကြီး အပါအဝင် အရေပြားရောဂါ အဖြစ်များပြီး ဆေးဝါး‌ကူညီ လိုအပ်နေ
– ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မှာ Karenni Culture Learning Center ဖွင့်ပွဲပြုလုပ်၊ အခမ်းအနားကို မယ်ဟောင်ဆောင်ခရိုင်ဝန်ကြီး တက်ရောက်
စတဲ့သတင်းတွေနဲ့ မိုးလေဝါသသတင်း။
– အပတ်စဉ်တင်ဆက်ပေးတဲ့ “ကုန်ဈေးနှုန်းသတင်း” နဲ့ “သုတအဖြာဖြာ” အစီအစဉ်ကနေ “သက်တမ်း ကုန်ဆုံးရက်မရှိတဲ့ မြေမြုပ်မိုင်း” အကြောင်း  နားဆင်ကြရမှာဖြစ်ပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img