spot_imgspot_imgspot_imgspot_img
Saturday, February 22, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်၊ (သောကြာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်၊ (သောကြာနေ့)
– ကရင်နီပြည်တွင်းမှာ အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲ သင်တန်းအမှတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့ပါတယ်။
– စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် လွိုင်ကော်စစ်ရှောင်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ရပါတယ်။
– လူငယ်တွေကို အထူးဝန်ဆောင်မှုပေးဖို့ IEC က လူငယ်ရေးရာဌာန ဖွဲ့စည်းလိုက်ပါတယ်။
– ဖရူဆိုအနောက်ခြမ်းမှာ ငရုတ်ခင်းတွေပျက်စီးပြီး အထွက်နည်းတာကြောင့် စိုက်တောင်သူတွေ အရှုံးပေါ်တယ်လို့ ဆိုပါတယ်။
– စစ်ကောင်စီ မီးလောင်ဗုံးကြောင့် မိုးဗြဲမြို့က နေအိမ်တချို့မီးလောင်ပျက်စီးခဲ့ပါတယ်။
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့ “လူထုစာလွှာ” အစီအစဉ်ကနေ ပြည်သူတွေပေးပို့လာတဲ့ စာလွှာတွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “ကုန်ဈေးနှုန်းသတင်း၊ ငွေလဲလှယ်နှုန်း” ကိုလည်း ဆက်လက်ကြားကြရဖို့ ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img