KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်၊ (တနင်္လာနေ့)
– အမေရိကန်အကူအညီတချို့ ယာယီရပ်ဆိုင်းလိုက်တာကြောင့် ကရင်နီပြည်တွင်းက လူသုံံးသောင်းခွဲ ထိခိုက်နစ်နာမှုရှိလာတယ်လို့ ဆိုပါတယ်။
– ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ဓါတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
– နန်းဖဲကျေးရွာအုပ်စုအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
အပတ်စဉ်တနင်္လာနေ့မှာ တင်ဆက်ပေးနေတဲ့ အမျိုးသမီးကဏ္ဍကနေပြီး “အိမ်တွင်းအကြမ်းဖက်မှုတွေ နှုတ်ပိတ်ခံနေရဆဲလား”ဆိုတဲ့အကြောင်းကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။