KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်၊ (ကြာသပတေးနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– အတင်းအဓမ္မ စုဆောင်းခံရတဲ့ စစ်မှုထမ်းတွေအနေနဲ့ ဘက်ပြောင်းခိုလှုံလာရင် ထိုက်တန်တဲ့ ဆုကြေးငွေချီးမြှင့်သွားမယ်လို့ MOD ပြော
– ဖရူဆိုမှာ ၁၀ နာရီကျော်ကြာ တောမီးလောင်မှုကြောင့် ဒေသခံတွေ စိုးရိမ်
–ကရင်နီပြည်မှာ ပြည်နယ်တရားရုံးချုပ်နဲ့ တရားရုံးအသီးသီးကို တစ်နှစ်အတွင်း တိုင်ကြားလာတဲ့ အမှုပေါင်း ( ၁၇၈ ) မှုရှိ
– ကရင်နီပြည်တွင်း ယာယီနေထိုင်ခွင့်ကတ်ထုတ်ပေးဖို့ ဆောင်ရွက်နေတယ်လို့ IEC ပြော
– IEC ရဲ့ ပြန်လည်ထူထောင်ရေးစင်တာမှာ ခြေတုတပ်ဆင်ဖို့ လိုအပ်နေသူ ၁၀၀ ကျော်ကို တပ်ဆင်ပေးနိုင်ခဲ့
စတဲ့သတင်းတွေနဲ့ မိုးလေဝါသသတင်း။
– အင်တာဗျူးအစီအစဉ်ကနေပြီး “ ကရင်နီပြည်မှာ ယာယီနေထိုင်ခွင့်ကတ် ထုတ်ပေးဖို့ IEC ကစီစဥ်ဆောင်ရွက်နေတဲ့အကြောင်း IEC ရဲ့ ပြည်ထဲရေးဌာန- ဒုဌာနမှူး (၃) ခူးတော်ရယ်(သက်) နဲ့ တွေ့ဆုံမေးမြန်းခြင်း”ကို နားဆင်ကြရမှာ ဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။